Friday, May 4, 2018

လဝန်းညို is Back.



          နည်းပညာ၊ ဗဟုသုတနှင့် စိတ်အပန်းပြေစေရန် စသော ရည်ရွယ်ချက်အမျိုးမျိုးအတွက် မိမိတို့ အားလပ်ချိန် များကို အင်တာနက်ပေါ်ရှိ Blog များကိုရှာဖွေဖတ်ရှုတတ်သော ကျွန်တော်တို့ မြန်မာနိုင်ငံတွင်းရှိ ညီအစ်ကိုမောင်နှမများနှင့် အကြောင်းကြောင်းကြောင့် ပြည်ပသို့ ရောက်ရှိနေသော သူများအတွက် ရည်ရွယ်၍ ကျွန်တော်သိထား တတ်ထားသော အသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေပေးရန် အတွက် ယခု အသုပ်စုံ (athoatsone.blogspot.com) လိပ်စာဖြင့် ပြန်လည်မျှဝေသွားပါမယ် ခင်ဗျာ။
          ယခင်လွန်ခဲ့သော ၆ နှစ်ခန့်ကလည်း (ကျွန်တော်ပြည်ပတွင်ရှိစဉ်) လဝန်းညိုဆိုသော နာမည်ဖြင့် ဗဟုသုတများကို မျှဝေခဲ့ပါတယ်။ သို့ပေမယ့်လည်း ကျွန်တော် ပြည်တော်ပြန်ခ်ျိန်မှာ ကျွန်တော်တို့ ရွှေပြည်ရဲ့ အလွန်နှေးကွေးခဲ့တယ့် အင်တာနက်မြန်နှုန်း၊ ခေါင်ခိုက်နေခဲ့တယ့် အင်တာနက် အသုံးပြုခ၊ ဘယ်လိုမှ မဖြစ်နိုင်တယ့် ကိုယ်ပိုင် ဝက်ဆိုဒ်လိပ်စာ (Domain) အတွက် ငွေပေးချေရန် online banking system စသော စသော အဆင်မပြေမှု အခက်အခဲများစွာကြောင့် အားမတန် မာန်လျှော့ပြီး ကိုယ့်ဝါသနာကို ဝမ်းနဲစွာဖြင့် ခဏတာ ဦးချိုးထားခဲ့ရပါတယ်။
          ယခုအချိန် မြန်မာနိုင်ငံကြီး အရှိန်အဟုန်ဖြင့် ပြန်လည်တိုးတက် ဖွံဖြိုးလာသည်နှင့်အမျှ နည်းပညာ ဗဟုသုတ အသစ်များ ပေါ်ပေါက်လာခြင်း မြန်နနှုးမြင့်အင်တာနက်များ စိတ်ကြိုက်သုံးစွဲနိုင်ခြင်း၊ ပြည်ပသို့ငွေလွှဲ ငွေယူ လွယ်ကူလျှင်မြန်လာခြင်း စသည့်အရာများကြောင့် ယခင်အားမတန်မာန်လျှော့ထားရတယ့် လဝန်းညိုရဲ့ ချိုးနှိမ်ထားတယ့် ပိုးမျိုးရှစ်ဆယ် ပြန်လည်ထကြွ သောင်းကျန်းလာပါသောကြောင့် Blog ရေးသားခြင်း အခြင်းအရာကို ပြန်လည် အကောင်းအထည်ဖော်ပါတော့မယ် ခင်ဗျာ။
          ဒီ Blog အသစ်တွင်တော့ ယခင်နာမည် လဝန်းညို အစား အသုပ်စုံ ဆိုတယ့် အမည်ဖြင့် Knowledge နှင့် ကောင်းနိုးရာရာ များကို ပြန်လည်မျှဝေ ပေးသွားမှာ ဖြစ်ပါတယ်။ အဓိက ပါဝင်မယ့် ခေါင်းစဉ်ခွဲများအတွက်ကိုတော့
-       ဗဟုသုတဆိုင်ရာ
-       ကျန်းမာရေး အသိပညာပေး
-       ကွန်ပျူတာနှင့် ဖုန်းဆိုင်ရာ နည်းပညာ
-       စိတ်ဓါတ်ခွန်အားပေးစာပေ
-       ဖတ်ရှုသင့်သောစာအုပ်များ
-       အလှအပဆိုင်ရာ
-       ဝတ္ထုတိုများ
-       ကျွန်တော်ကြိုက်သော အတွေးအခေါ်များ
စသည်ဖြင့် အကြမ်းအားဖြင့် ရည်ရွယ်ပြီး တင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ယခုတစ်ခေါက်တွင်တော့ အရင်လဝန်းညိုတုန်းကလို မဟုတ်ပဲ Admin နှစ်ယောက်ဖြင့် အသုပ်စုံ Blog ကိုဝေဝေဆာဆာ ဖြစ်အောင် Post အသစ်များ နေ့စဉ်တင်ပေးနေမှာ ဖြစ်တယ့် အတွက် Inernet သုံးရင်း Blog တွေမှာ ဗဟုသုတ ရှာတတ်တယ့် ပရိတ်သတ်များ အတွက် အပြင်းလည်းပြေ ဗဟုသုတလည်ညးရစေရန် ကျွန်တော် Admin နှစ်ယောက်က အကောင်းဆုံး ကြိုးစားပေးသွားမှာ ဖြစ်တယ့် အတွက် ပရိတ်သတ်များကိုလည်း ကျွန်တော်တို့ Blog ကိုအမြဲလာလည်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ တင်ထားတယ့် Post များကို ဖတ်ရင်း မရှင်းတာများကို ပြန်လည်ဆွေးနွေးနိုင်ရန်အတွက် Comment Box ကိုလည်းဖွင့် ထားပေးမှာ ဖြစ်သလို Admin နှစ်ယောက်လုံးရဲ့ Email ကိုလည်း ဆက်သွယ်ပြီး အကြံပြု ဆွေးနွေးနိုင်ပါတယ်လို့ ကြိုတင် ဖိတ်မန္တကပြု အသိပေးလိုက်ရပါတယ်ခင်ဗျာ။
စေတနာများစွာဖြင့်
အသုပ်စုံ (လဝန်းညို)

No comments:

Post a Comment