“အထိုင်အထမိုက်ကနဲဖြစ်ဖြစ်သွားလို့”
ဆိုတဲ့စကားကို မကြာခဏ ကြားဖူးကြပါလိမ့်မည်။ ဆေးပညာအရတော့ သူ့ကိုအထိုင်အထ သွေးပေါင်ကျခြင်း
(postural hypotension) လို့ခေါ်ပါသည်။
ထိုသို့ဖြစ်ရခြင်းမှာ
အဘယ်ကြောင့်နည်း
ကျွန်ုပ်တို့
နှလုံးသည် ခန္ဓာကိုယ်မှပြန်လာသောသွေးကိုလက်ခံပြီး
အဆုတ်ထဲတွင်သန့်စင်ကာ ခန္ဓာ ကိုယ်အနှံ့ ပြန်ဖြန့်ဝေပေးသည့်
လုပ်ငန်းကို လုပ်ဆောင်သည်။
ကျွန်ုပ်တို့
မတ်တပ်ရပ်သောအခါ ကမ္ဘာမြေကြီးဧ။်ဆွဲအားကြောင့်
ခန္ဓာကိုယ်ထဲကသွေးများသည် ခြေသလုံး၊ဗိုက်
စသည့် ခန္ဓာကိုယ်အောက်ပိုင်းတွင်ပိုစုတတ်သည်။ထိုအခါ
နှလုံးဆီသို့ ပြန်လာသော သွေးပမာဏ လျော့နည်းသွားသဖြင့် သွေးပေါင်ချိန်လည်းကျတတ်သည်။
ပုံမှန်အားဖြင့်
ကျွန်ုပ်တို့ နှလုံးနှင့် လည်ပင်းသွေးလွှတ်ကြောတွင်ရှိသော အာရုံခံဆဲလ်များ (baro
receptors) များသည် ထိုသွေးပေါင်ကျသွားခြင်းကို အာရုံခံကာ ဦးနှောက်သို့ သတင်းပို့သည်။
ထိုအခါ ဦးနှောက်က နှလုံးကို အလုပ်ပိုလုပ်စေခြင်းအားဖြင့် သွေးပေါင်မကျအောင်ထိန်းထားပေးသည်။
ထိုဖြစ်စဉ်ကြီးတွင် တစ်ခုခုချို့ယွင်းချက် ရှိခဲ့ပါက အထိုင်အထသွေးပေါင်ကျခြင်း
(postural hypotension) ဖြစ်တတ်သည်။
(၁)ဖြစ်စေသောအကြောင်းရင်းများ
·
ရေဓာတ်ခမ်းခြောက်ခြင်း
(ဖျားခြင်း၊ အန်ခြင်း၊ ၀မ်းလျှောခြင်း၊ ရေလုံလောက်အောင်မသောက်ခြင်း၊ ချွေးထွက်များခြင်း)
·
နှလုံးမကောင်းခြင်း
(သွေးခုန်နှုန်းနှေးခြင်း၊ နှလုံးအဆို့ရှင်ရောဂါ၊ နှလုံးရောဂါ)
· ဟော်မုန်းရောဂါများ
( သိုင်းရွိုက်ရောဂါ၊ အဒရီနယ် (ကျောက်ကပ်အပေါ်တွင်ရှိသော ဟော်မုန်းထုတ်ပေးသည့် အဂါင်္အစိတ်အပိုင်း)Addison’s
disease ၊ ဆီးချိုရောဂါ၊ သွေးတွင်းသကြားဓာတ်နည်းခြင်း)
·
အာရုံကြောအဖွဲ့အစည်းရောဂါများ
·
သွေးအားနည်းခြင်း၊
vitamin B 12 ချို့တဲ့ခြင်း
·
ဆေးဝါးများ
(သွေးကျဆေးများ၊ ဆီးဆေးများ၊ စိတ်ကျရောဂါတွင်သောက်သောဆေးဝါးများ)
·
အရက်သောက်သုံးခြင်း
·
ရာသီဥတုပူပြင်းလွန်းခြင်း
·
သက်ကြီးရွယ်အိုများ
အစာစားပြီးချိန်တွင်ကြုံတွေ့နိုင်သည်အသက် ၆၅ နှစ်အထက်တွင်ပိုအဖြစ်များသည်။
·
အိပ်ယာတွင်
အချိန်ကြာမြင့်စွာလှဲလျောင်းခြင်း
·
ကိုယ်ဝန်ဆောင်မိခင်
(၂) နောက်ဆက်တွဲဆိုးကျိုးများ
Postural
hypotension သည် များသောအားဖြင့် မူးဝေခြင်း မိုက်ကနဲဖြစ်ခြင်းမှလွဲ၍ ပြဿနာကြီးကြီးမားမား
မရှိတတ်ပေ။
သို့သော်
ရေရှည်ဖြစ်နေပါက ကြောက်စရာကောင်းသော နောက်ဆက်တွဲဆိုးကျိုးများရှိတတ်သည်။ သက်ကြီးရွယ်အိုများတွင်
ပိုဖြစ်နိုင်သည်။
Postural
hypotension ကြောင့် ရုတ်တရက်လဲကျခြင်းဖြစ်ကာအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်းမှ အရိုးကျိုးသည်အထိ
ဖြစ်နိုင်သည်။
လေဖြတ်ခြင်းလည်းဖြစ်တတ်သည်။
သွေးပေါင်ချိန် ရုတ်တရက်ပြောင်းလဲခြင်းကို ဦးနှောက်ကခံနိုင်ရည် မရှိသောအခါ ရုတ်တရက်လေဖြတ်နိုင်သည်။
နှလုံးရာဂါ
(ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း) တို့ဖြစ်တတ်သည်။
(၃)အိမ်တွင်းဆေးဝါးများနှင့်
ကုထုံးများ
·
အနားယူပါ
ပထမဦးဆုံးပြုလုပ်ရမည့်အရာက ခုံပေါ်တွင် ငြိမ်ငြိမ်လေးထိုင်နေပါ သို့မဟုတ် ကုတင်ပေါ်တွင်
ခဏလှဲလျောင်းနေပါ။ ကုတင်ခြေရင်းကိုအနည်းငယ်မြှင့်ထားပါ။ အခန်းကို လေ၀င်လေထွက်ကောင်းအောင်
ပြတင်းများ ဖွင့်ထားပါ။
·
ဓာတ်ဆားရည်သောက်ပါ။
အလွယ်တကူမရနိုင်ပါက အိမ်တွင်းသုံးဆားနှင့် သကြားသင့်တင့်ရုံရောပြီး သောက်ပါ။
·
အရည်များများဝင်အောင်သောက်ပေးပါ။
·
အသက်ကြီးသူများ
ခြေသလုံးအစွပ်၊ ဗိုက်စည်း စည်းပေးနိုင်သည် (ခန္ဓာ ကိုယ်အောက်ပိုင်းတွင် သွေးအိုင်ခြင်းမှ ကာကွယ်ရန်)
·
သက်ကြီးရွယ်အိုများအတွက်
လမ်းလျှောက်ခြင်းလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးသင့်သည်။
·
အထိုင်အထ
ဖြည်းညှင်းစွာပြုလုပ်ပါ။
·
အစာစားရာတွင်
နည်းနည်းချင်းစီ အကြိမ်အရေအတွက်များများစားပေးပါ
အထက်ပါ အိမ်တွင်းကုထုံးများနှင့်မသက်သာလျှင်
သို့မဟုတ် ခဏခဏဖြစ်နေလျှင် နီးစပ်ရာကျန်းမာရေး ဆေးခန်းများတွင် တတ်ကျွမ်းသော ဆရာဝန်နှင့်
ပြသသင့်သည်။
စေတနာများစွာဖြင့်
အသုပ်စုံ (စာဂျပိုး)
No comments:
Post a Comment