Friday, May 4, 2018

ကြွက်တက်ခြင်း



ကြွက်တက်သည်ဟုဆိုလျှင် ခံရခက်သည့် နာကျင်မှုမျိုးဖြင့် ကြွက်သားများတွင်ဖြစ်ပေါ်သည့် ဝေဒနာမျိုးဖြစ်သည်။ ကြွက်တက်ခြင်းကို အများနားလည်အောင်ရှင်းလင်းပြောဆိုရလျှင် ခန္ဓာကိုယ်တွင် ကျွန်ပ်တို့ ဆန္ဒဖြင့်ထိန်းချုပ်မရသော ကြွက်သားစု အဆက်မပြတ် ကျုံ့ဝင်ခြင်းဖြစ်သည်
ကြွက်တက်ခြင်းကို လူတော်တော်များများ ဘ၀မှာတစ်ခါလောက်တော့ ကြုံဖူးပေလိမ့်မည်။ ကြွက်တက်သောအခါ ကြွက်သားစုနေရာတွင် နာကျင်မှုခံစားရမည်။ ထိုသို့နာကျင်ရခြင်းအကြောင်းရင်းမှာ ကြွက်သားများ အဆက်မပြတ်ညှစ်ခြင်းကြောင့် ဆံချည်မျှင်သွေးကြောအတွင်း သွေးမလျှောက်တော့ရာမှ ကြွက်သားဆဲလ်များ ခဏတာသွေးငတ်၍ နာကြင်ခြင်းမျိုးဖြစ်သည်။
ကြွက်တက်ခြင်းသည်
·         လေ့ကျင့်ခန်းလုပ်စဉ်
·         ညအိပ်စဉ်
·         ကိုယ်ဝန်ဆောင်စဉ် တွင်ပို၍အဖြစ်များသည်
ကြွက်တက်ခြင်းသည် အဖြစ်များသောဝေဒနာတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ကြွက်တက်ခြင်းနှင့်ပက်သတ်၍ အနည်းငယ် ဆွေးနွေးချင်သည်။

ဘာကြောင့်ကြွက်တက်ရသလဲ?
  • ·         လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်း
  • ·         ရေဓာတ်ခမ်းခြောက်ခြင်း
  • ·         သွေးတွင်း sodium , potassium , calcium and magnesium ဓာတ်နည်းခြင်း
  • ·        ဗီတာမင်ဓာတ်ချို့တဲ့ခြင်း (B1 Thiamine , B5 Panthotenic acid, B6 Pyridoxime )
  •  ဆေးဝါးများ( frusemide, ဆီးဆေးများ , Alzheimer’s ရောဂါတွင်သုံးသောဆေးဝါးများ e.g Aricept , Nefidine သွေးကျဆေး, Terbutaline, ventolin ရင်ကြပ်ရောဂါတွင်သုံးသောဆေး)
  • အရက်သေစာသောက်စားသောသူများ
  • ·         မူးယစ်ဆေးစွဲသူများ ယင်းထသောအခါ
  •          သွေးလှည့်ပတ်မှုနည်းခြင်း အထိုင်များခြင်း
  • ·         ကိုယ်ဝန်ဆောင်မိဆောင်များ
ဘယ်အချိန်မှာဆရာဝန်နှင့်ပြသင့်သလဲ?👩‍⚕️👨‍⚕️👩‍⚕️👨‍⚕️

ကြွက်တက်ခြင်းအများစုသည် သူ့ဘာသာသူအလိုအလျောက်သက်သာသွားတတ်သည်။ စက္ကန့်  အနည်းငယ်မှ နာရီဝက်အထိကြာနိုင်သည်။
အကယ်၍ မကြာခဏကြွက်တက်လျှင် ကြွက်တက်ခြင်းတောက်လျှောက်ဖြစ်နေလျှင် (မိနစ် ၃၀ ထက်ပိုကြာနေလျှင် ဆရာဝန် နှင့် ပြသတိုင်ပင်သင့်သည်။

ကြွက်တက်လျှင်အိမ်တွင်းကုထုံး:-)⛑⛑⛑

ကြွက်တက်နေသောနေရာကို အသာယာနှိပ်နယ်ပေး ရေနွေးအိပ်ကပ်ပေးပါ။ နည်းနည်းသက်သွာားလျှင် ကြွက်တက်သောနေရာကို ဆွဲဆန့်ပေးပါ အကြောလျှော့လေ့ကျင့်ခန်းမျိုးက ကြွက်တက်ခြင်းအတွက် အထောက်အကူပြုပါလိမ့်မည်။
ဓာတ်ဆားရည်သောက်ပါ။ ရေ၀အောင်သောက်ဖို့လိုပါသည်။ ဓာတ်ဆားထုတ်အလွယ်တကူမရနိုင်ပါက အိမ်သုံးဆားကိုရေတဖန်ခွက်ထဲသို့သင့်ရုံခတ်၍ သောက်သုံးပေးပါ။


ကြွက်တက်ခြင်းမဖြစ်ခင်ကြိုတင်ကာကွယ်!☂☂☂☂☂

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကိုပြင်းပြင်းထန်ထန်လုပ်ခြင်းသည် ကြွက်တက်ခြင်းကိုဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းမလုပ်ခင်နှင့် လုပ်ပြီးအချိန်တွင် အကြောလျှော့လေ့ကျင့်ခန်း လုပ်ပေးသင့်သည်။ ရေနှင့်ဓာတ်ဆားဓာတ်နည်းပါးခြင်းမဖြစ်စေရန်အတွက် ချွေးထွက်များသောအခါတွင်
ဓာတ်ဆားရည်လုံလောက်စွာ သောက်ပေးဖို့လိုပါသည်။ (ပြင်းထန်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ချိန် ချွေးထွက်များသော ပူပြင်းသည့်ရာသီဥတု )
ညအိပ်ချိန် ကြွက်တက်ခြင်းကာကွယ်ရန် မအိပ်မှီ အကြောလျှော့ လေ့ကျင့်ခန်း လုပ်ပေးသင့်သည်
အစားအစာများကိုအာဟာရပြည့်ဝမျှတစွာ စားရမည်။

ကြွက်တက်ခြင်းကိုကာကွယ်ပေးနိုင်သောအစားအစာများ🍐🍍🍌🍉🥑🍇

ရှေ့တွင်ပြောခဲ့သည့်အတိုင်း ကြွက်တက်ခြင်းသည် သွေးတွင်း sodium, potassium , magnesium and calcium ဓာတ်နည်းပါးလျှင်ဖြစ်တတ်သည်။ ထို့ကြောင့် ထိုဓာတ်များပါဝင်သည့် အစားအသောက်များ စားသုံးခြင်းဖြင့်လည်း ကြွက်တက်ခြင်းကိုလျော့ကျစေနိုင်သည်။ ထိုအစားအစာများမှာ-


  • ·         ငှက်ပျောသီး၊ ဖရဲသီး၊ ထောပတ်သီး၊ စွံပလွန်သီး၊ တရုတ်ဇီးသီး၊ စပျစ်သီး၊ စပျစ်သီးခြောက်၊ ကတွတ်သီး
  • ·         နို့နှင့် နို့ထွက်ပစ္စည်း အမျိုးမျိုး
  • ·         အရိုးပါဝါးစားနိုင်သောငါးကလေးများ
  • ·         အစေ့အဆံများ (ဗာဒံစေ့၊ သီဟိုရ်စေ့၊ စသည်ဖြင့်)
  • ·         အာလူး၊ ကန်စွန်းဥ
  • ·         အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် (ကညွတ်၊ ဟင်းနုနယ်၊ ကိုက်လံ )
  • ·         Evening primrose oil
စေတနာများစွာဖြင့်
အသုပ်စုံ (စာဂျပိုး)
ref:emedicinehealth,
Pauk pauk

No comments:

Post a Comment