အခုလက်ရှိ အင်တာနက်ပေါ်မှာ ဟိုဝင်ဒီထွက် ဟိုကြည့်ဒီကြည့်
သာလုပ်နေပေမယ့် ရင်ထဲမှာတော့ အရမ်းပျင်းစရာ ကောင်းတာပဲ လုပ်စရာလည်းမရှိဘူး ဘာလုပ်ရမှန်းလည်း
မသိဘူး ဆိုပြီးဖြစ်နေတယ့် အသုပ်စုံ ရဲ့ အရိတ်သတ်တွေရှိနေမလား မသိဘူးနော်။ ဟုတ်ကဲ့ ရှိနေတယ်ဆိုရင်တော့
အဲဒါအတွက် အကောင်းဆုံး ဖြစ်မယ့် အကြံဥဏ်နဲ့ ဖြေရှင်းနည်းကို အသုပ်စုံ ဖောက်သည်ချပါရစေ။
ကျွန်တော်အသုပ်စုံ တစ်ယောက်လဲ လူတွေထဲက လူတစ်ယောက်ဖြစ်လို့
ပျင်းရိငြီးငွေ့ပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိတယ့် အချိန်တွေဆိုတာ အသုပ်စုံရဲ့ဘဝမှာ
မရေမတွက်နိုင်လောက်အောင်ကို ကြုံခဲ့ဖူးပါတယ်။ အဲ့ဒီလိုအချိန်တွေ ကြုံလာတိုင်း ကျွန်တော်ကတော့
စာအုပ်တစ်အုပ်ဖွင့်ဖတ်လိုက်တယ်။ အများအားဖြင့်တော့ အဲ့လိုအချိန်တွေမှာဆို ပေါ့ပေါ့ပါးပါး
ဟာသသတ္ထုလေးတွေပဲ ဖတ်သင့်တယ်လို့ထပ်လောင်း အကြံပြုပါရစေ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကနဂိုအစကတည်းက
စိတ်မကြည်မသာ ဖြစ်နေခိုက်မှာ တစ်ကယ်ကို တွေးခေါ်ယူရတယ့် အနှစ်သာရပါတယ့် စာတွေသွားဖတ်လိုက်ရင်
ပိုပြီးခေါင်းရှုပ်သွားပြီး နောက်ဆိုစာဖတ်ဖို့ တအားဝန်လေးသွားတတ်လို့ပါ။
ပြောရင်းနဲ့ တော်တော်တောင် ရှည်သွားပြီ။
ဒီတစ်ခေါက်တော့ အသုပ်စုံရဲ့ ပရိတ်သတ်ကြီးအတွက် အပျင်းပြေပဲဖြစ်ဖြစ် စိတ်ညစ်ပြေပဲဖြစ်ဖြစ်
ဖတ်ရအောင် စာအုပ်တစ်အုပ် မျှဝေပေးပါရစေ။ စာရေးဆရာ အကြည်တော် ရေးထားတယ့် (ကျွန်မက အဂ`်လိပ်မှ
မဟုတ်တာမောင်) ဆိုတယ့်ဟာသစာအုပ်ကလေးပါ။ ဖတ်ပြီးသားသူတွေကတော့ ကျော်သွားလိုက်ပေါ့နော်။
မဖတ်ဖူးသေးတယ့် သူတွေကိုတော့ ဖတ်ကြည့်ဖို့ အကြံပေးပါရစေ။ အဲ့စာအုပ်ကလေးထဲမှာ မြန်မာနိုင်ငံက
အနုပညာလောကထဲက အဖြစ်သနစ်တွေကို ဖတ်စုံနှောပြီး ဟာသဥဏ်ရှုထောင့်ကနေ သရော်ပြီး ရေးထားတာ
ဖြစ်တယ့်အတွက် အနုပညာလောက နဲ့ပက်သက်တယ့် ဗဟုသုတတွေ ရနိုင်တယ့် အပြင် တဟားဟား တဟီးဟီးရယ်ရင်းနဲ့
ပရိတတ်သတ်ကြီးရဲ့ ရှုပ်နေတယ့် စိတ်တွေ ပြန်လည်ရွှင်လန်း လာလိမ့်မယ်လို့ အသုပ်စုံက ရဲရဲကြီး
အာမခံပါတယ်။ သိမ်းထားပြီး နောက်မှ ဖတ်မယ်ဆိုတယ့် သူတွေအတွက်လဲ အဆင်ပြေအောင် မိမိတို့
ဖုန်းထဲ Download ဆွဲထားနိုင်ဖို့ကိုလည်း Link တစ်ခါထဲ တင်ပေးထားပါတယ်နော်။
No comments:
Post a Comment