စိတ်ဖိစီးမှု ဆိုသည်မှာ ယနေ့ခေတ်တွင် အတွေ့ရများသော
ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်လာသည်၊ ယနေ့ခေတ်၏ အခြေအနေအရ လူကြီး၊ လူငယ်မရွေး စိတ်ဖိစီးမှု
ဖြစ်ပေါ်ဖို့ လမ်းများစွာရှိသည်။ အကြောင်းမူကား လူဦးရေ ထူထပ်လာခြင်း၊ လေထုညစ်ညမ်းခြင်း၊
ရာသီဥတု ဖောက်ပြန်ခြင်း၊ မိသားစုဝင်အရေအတွက် နည်းလာခြင်း၊ စားဝတ်နေရေး အတွက် လူတိုင်းရုန်းကန်နေရခြင်း၊
အသုံးအဆောင် ပစ္စည်း အသစ်အဆန်းများ မကြာခဏ ပေါ်ခြင်း၊ ထိုအသုံးအဆောင်ပစ္စည်းများ နောက်လိုက်ရင်း
ငွေများများ ရှာနိုင်ဖို့ကိုသာ အာရုံပိုစိုက်လာခြင်း တို့ကြောင့် မိသားစုအပေါ် အချိန်ပေးနိုင်မှု
နည်းပါးသွားခြင်း စသည့်မျိုးစုံသော အကြောင်းများကြောင့် ဟုသာ အပြစ်ပုံချရမည်ဟု ယူဆမိပါသည်။
ထိုစိတ်ဖိစီးမှုများကြောင့် ကျွန်ုပ်တို့
ခန္ဓာကိုယ်တွင် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်သလဲ ကျန်းမာရေး အပေါ် ဘယ်လို ဆိုးကျိုးတွေ ဖြစ်နိုင်သလဲ
ဆိုတာကို ရှင်းပြသွားပါမယ်။
ရေရှည်စိတ်ဖိစီးမှုကြောင့် သင့်ခန္ဓာကိုယ်ရဲ့
ခုခံအားစနစ်ကို ကမှောက်ကမ ဖြစ်စေနိုင်သည်။ စိတ်ဖိစီးမှု ကြောင့်ခန္ဓာကိုယ်အတွင်း ဓာတုဓာတ်ပြုမှုမှ
စိတ်ဖိစီးမှုကို တုန့်ပြန်သည့် ဟော်မုန်းများ (Cortisol, adrenaline, etc…….) စသည်ဖြင့်
ထွက်လာစေသည်။
၎င်းဟော်မုန်းများသည် ရုတ်တရက် ဖြစ်ပေါ်လာသော
အန္တရာယ်ကို ရင်ဆိုင်ရာတွင် (သို့) ရှောင်ပြေးရာတွင် အသုံးဝင်သည်။ ဥပမာ - အန္တရာယ် တစ်ခုခု
ကြုံ၍ ပြေးရန်လိုအပ်သည့် အချိန်မျိုး (ခွေးလိုက်ဆွဲခံရသည့် အခါမျိုး) တွင်ကျွန်ုပ်တို့
ခြေကုန်သုတ် ပြေးဖို့လိုအပ်သည်။ ထိုအခြေအနေမျိုးတွင် ကျွန်ုပ်တို့၏ ဦးနှောက်တွင်းရှိ
(Hypothalamus) ဟုခေါ်သော နေရာက အလုပ်လုပ်သည်။ ထို (Hypothalamus) ၏စေခိုင်းမှုဖြင့်
ကျောက်ကပ်အပေါ်ရှိ (Adrenal Gland) ဟုခေါ်သော နေရာမှ (Stress Hormone)ခေါ် စိတ်ဖိစီးမှုကြောင့်
ထွက်လာသော ဟော်မုန်းတစ်မျိုး ထွက်လာသည်။ ထိုဟော်မုန်းကြောင့် ကျွန်ုပ်တို့ ထွက်ပြေးရန်လိုအပ်သည့်
စွမ်းအားများ ထွက်ပေါ်လာသည်။ ထိုနည်းဖြင့် ကျွန်ုပ်တို့ အန္တရာယ်မှ ထွက်ပြေးလွတ်မြောက်စေသည်။
ထိုဖြစ်စဉ်မှာ စိတ်ဖိစီးမှုကို ခန္ဓာကိုယ်မှ အလိုအလျှောက် တုန့်ပြန်ခြင်း ဖြစ်စဉ် ဖြစ်ပြီး
အချိန်တန်လျှင် သူ့ဘာသာ အလိုအလျှောက် ပြန်လည်တည်ငြိမ်သော အခြေအနေသို့ ရောက်ရှိသွားသည်။
ထိုဖြစ်စဉ်တွင် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို
လျှော့ချလိုက်သည်။ (Lymphocytes) ဟုခေါ်သော ခုခံအားဆဲလ်များ လျော့ကျသွားသည်။
(Lymphocyte) သည် ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသော ရောဂါပိုးများကို မှတ်သားခြင်းနှင့်
တိုက်ထုတ်ခြင်းတို့ကို လုပ်ဆောင်ပေးပါသည်။ ထို့ကြောင့် (Lymphocyte) အရေအတွက်နည်းပါးသွားလျှင်
ကူးစက်ရောဂါနှင့် အခြားရောဂါများ အလွယ်တကူ ခံစားရနိုင်ပါသည်။
ရေရှည်စိတ်ဖိစီးမှု ဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်
ခုခံအားစနစ် ပုံမှန် မဖြစ်တော့ပဲ ကူးစက်ရောဂါနှင့် (Autoimmue Disease) ဟုခေါ်သော မိမိခန္ဓာကိုယ်တွင်းရှိ
ဆဲလ်များက ခန္ဓာကိုယ်ကို ဒုက္ခပေးသော ရောဂါများ
ဥပမာ -
-
အမျိုးအစား
၁ ဆီးချိုရောဂါ
-
သွေးလေးဖက်နာ
ရောဂါ
-
အရေပြားလေးဖက်နာ
ရောဂါ
-
သိုင်းရွိုက်ရောဂါ
စသော ရောဂါများကို ခံစားရနိုင်ပါတယ်။
ထို့အပြင်
-
ရေရှည်ခေါင်းကိုက်ခြင်း
-
နှလုံးရောဂါ
-
ပန်းနာရင်ကြပ်ရောဂါ
နှင့်
-
အစာအိမ်ရောဂါ
တို့လည်း ဖြစ်နိုင်ခြေ များပါတယ်။
အထက်ပါ
ကျန်းမာရေး ဆိုးကျိုးများအပြင် စိတ်ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဖိတ်ဖိစီးမှုမှ
မရုန်းထွက်နိုင်လျှင် စိတ်ဓါတ်ကျခြင်းက တွဲလိုက်လာမည် ဖြစ်ပြီး သူ၏ လက္ခဏာများမှာ-
-
ဘာကိုမှ
စိတ်မဝင်စားတော့ခြင်း
-
နှုံးနယ်ပင်ပန်းနေခြင်း
-
အကောင်းမြင်စိတ်
မရှိတော့ခြင်း
-
စိတ်ဆိုးဒေါသထွက်
လွယ်ခြင်း
-
အာရုံစူးစိုက်၍မရခြင်း
-
ခဏခဏ
မေ့တတ်ခြင်း
-
ကိုယ့်ကိုကိုယ်
ယုံကြည်မှု ပျောက်ဆုံးခြင်း
-
အစားအလွန်အကျွံစားခြင်း
-
အစားမစားနိုင်ခြင်း
-
အလွန်အကျွံအိပ်ခြင်း
ထိုဝေဒနာများ ကာလကြာရှည် ခံစားနေရပါက စိတ်ဖိစီးမှုကို
ဖြစ်စေသည့် အကြောင်းရင်းများကို ရှာဖွေ ကုစားသင့်ပါသည်။ စိတ်ဖိစီးမှုက သင့်တစ်နေ့တာ
လုပ်ငန်းဆောင်တာတွေအပေါ် အနှောင့်အယှက် ဖြစ်စေသည်ဟု ယူဆမိလျှင်လည်း ထိရောက်စွာ ကုသမှု
ခံယူသင့်ပါသည်။
ယနေ့ခေတ်တွင် ကူသမှုနည်းလမ်း များစွာရှိပါသည်။
သင့်တော်သော နှစ်သက်သော နည်းလမ်းကို အသုံးပြုနိုင်ရန်အတွက်လည်း အသိပေးရေးသားလိုက်ရပါသည်။
Do (ပြုလုပ်ခြင်း)
၁ - အားကစား
Yoga ကျင့်ခြင်း၊ Gym ကစားခြင်း၊ ရေကူးခြင်း၊ ကြက်တောင်ရိုက်ခြင်း၊
ပြေးခြင်း၊ ကခုန်ခြင်း၊ စက်ဘီးစီးခြင်း စသောအားကစား အမျိုးမျိုးဖြင့် ခန္ဓာကိုယ်ကို
အလုပ်ပေးထားခြင်း။
၂ - အနုပညာ လိုက်စားခြင်း
စာဖတ်ခြင်း၊ စာရေးခြင်း၊ ပန်းချီဆွဲခြင်း၊ ဂစ်တာတီးခြင်း၊
ဝါသနာပါရာ တူရိယာ တစ်ခုခု အားတီိးမှုတ်ခြင်း (သို့) သင်ကြားခြင်း
၃ - ဘာသာရေး လိုက်စားခြင်း
ကမ္မဌန်းထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊
ဘာသာရေးစာအုပ်များ ဖတ်ရှုခြင်း
၎ - မိသားစုနှင့် ပျော်ရွှင်စရာ
အချိန်များ ဖန်တီးခြင်း
မိသားစုနှင့် ခရီးအတူတူထွက်ခြင်း၊ မုန့်အတူတူ လုပ်စားခြင်း၊
အိမ်သန့်ရှင်းရေး အတူတူ လုပ်ခြင်း၊ ဥယျာဉ်ခြံမြေ အတူတကွ စိုက်ပျိုးခြင်း။
၅ - ဆွေးနွေးခြင်း
တတ်ကျွမ်းနားလည်သည့်
စိတ္တဗေဒ ပညာရှင်နှင့် တိုင်ပင် ဆွေးနွေး အဖြေရှာခြင်း။
၆ - ဆေးဝါးဖြင့် ကုသခြင်း
ဆရာဝန်နှင့် တိုင်ပင်ပြီး ဆရာဝန်မှ လိုအပ်သည်ဟု ညွှန်ကြားသော
ဆေးများ ပုံမှန် သောက်သုံးခြင်း။
၇ - အခြား
စွန့်စားမှုများကို အခြေခံသော ကစားနည်းများကို ဆော့ကစားခြင်း
(ဥပမာ - ဘန်ဂျီ ကြိုးခုန်ခြင်း) ၊ အနှိပ်နယ်ခံခြင်း၊ ဝါသနာပါသည့် သင်တန်းများတက်ရောက်ခြင်း၊
ပရဟိတ လုပ်အားပေးလုပ်ငန်းများ ပြုလုပ်ခြင်း စသည့် အရာများလုပ်ဆောင်သင့်ပါသည်။
Don’t (မပြုလုပ်ရန်)
၁ - ဇာတ်လမ်းတွဲများ ကြည့်ခြင်း
၂ - ရုပ်ရှင်ကြည့်ခြင်း
၃ - ဗီဒီယိုဂိမ်းများ အချိန်ကြာမြင့်စွာ
ကစားခြင်း
၎ - Social Media လူမှုကွန်ယက် များပေါ်တွင်
ကြာရှည်စွာ အချိန်ဖြုန်းခြင်း များကိုရှောင်ကြဉ် သင့်ပါတယ်။ ထိုအလုပ်များသည် ခဏတာအတွက်
စိတ်အပန်းပြေစေသည် ဟုထင်မြင်ယူဆရသော်လည်း ရေရှည်မှာ စိတ်ဖိစီးမှု စိတ်ကျရောဂါကို ပိုမိုဆိုးရွား
သွားစေနိုင်ပါသည်။
အရေးအကြီးဆုံးမှာ သင့်ဖက်က စိတ်တံခါးကို
အမြဲဖွင့်ထားဖို့နှင့် အသစ်အသစ်သော အရာများကို အမြဲ လက်ခံသင်ယူနေဖို့ပဲ ဖြစ်ပါတယ်။
အဆိုးမြင်စိတ်ကို ကြိုးစားဖျောက်ဖျက်၍ ပျော်ရွှင်စိတ် အကောင်းမြင်စိတ်ကို ကြိုးစားမွေးမြူ
ပေးသင့်ပါတယ်။ လောက၏ သဘာဝအလှကိုခံစား ရင်းစီးမျော သွားကြည့်လိုက်ပါ။ ညဖက်တွင် ကောင်းကင်က
ကြယ်ကလေးများကို ချစ်ခင်ပေးသလို မနက်ခင်းရဲ့ နေရောင်ခြည် နွေးနွေးကိုလည်း မြတ်နိုးစွာ
ကြိုဆိုပါ၊ သင့်မှာ ဘက်မလိုက်တတ်သည့် လှပသော သဘာဝ တရားကြီးနဲ့ လှပသော မနက်ဖြန်တို့ ရှိနေသေးပါလားဆိုတာကို
အမြဲ သတိတရ တွေးကြည့်ပါ။ ကိုယ့်ပတ်ဝန်းကျင်က မြင်မြင်သမျှ လောကအလှတရားများကို ချစ်မြတ်နိုးပါ။
လောဘကို တတ်နိုင်သလောက် ထိန်းချုပ်ပါ။ နောက်ဆုံး မိမိကိုယ်ကို ချစ်မြတ်နိုးပါ။ သေချာပါတယ်
သင်ဟာ လောကမှာ အပျော်ရဆုံးသော လူသားတစ်ဦး ဖြစ်လာပါလိမ့်မယ်။
မေတ္တာများစွာဖြင့်
အသုပ်စုံ (စာဂျပိုး)
No comments:
Post a Comment